Posts

Showing posts from August, 2019

Gender လိင်ခွဲခြားတဲ့ ဆရာဝန်လား

Image
တမြန်ပြင်တနှစ်က ဒီနေမှာ စွဲချက်တင်ခံရတယ်။ KO Linn Linn ဆရာ ကျွန်တော်ဆရာပို့တွေကို အမြဲဖတ်နေကြပါ။ ဆရာ့ကိုမေးတဲ့လူများတယ်ဆိုတာသိပါတယ်။ မိန်းကလေးတွေမေးလာတာ မပြည့်စုံရင်ပြန်မဖြေ ပို့မတင်နဲ့ပေါ့။ အခုကျွန်တော်မေးတာနှစ်ခါ။ အခြားဖေ့ဘုတ်နဲ့ကတစ်ခါ သုံးခါရှိပြီ။ ချက်ဘောက်ကလည်းပြန်မဖြေဘူး။ ပို့လဲတစ်ခါမှမတင်ပေးဘူး။ ကျွန်တော်ထင်တာ လိင်ခွဲခြားမှူများ ရှိလားမသိဘူး။ အရင်ကလည်း စွပ်စွဲခံရဘူးပါတယ်။ ကျွန်တော် ကျား-မ ခွဲ-မခွဲ ရမ်းလည်းမဖြေချင်ပါ။ နမူနာပေးစရာ ကနေ့လာသမျှ မေးခွန်းတွေကို သုတေသနလုပ်ရင်တော့ စွပ်စွဲနိုင်ပါတယ်။ ကနေ့ အီးမေးလ်ကနေလာတာ စုစုပေါင်း = ၁၆၊ (ကျား ၃ + မ ၁၃) ယောက်ဆီကနေလာပါတယ်။ 1. ZAW WIN 11:42 pm ကျား 2. arr, me, arr (3) 11:39 pm ကျား 3. Hnin Way Lwin 10:41 pm မ 4. Hnin, me (3) 10:38 pm မ 5. sai, me (4) 10:34 pm မ 6. Hnin, me (2) 10:12 pm မ 7. myomyat2aye, me (4) 8:43 pm မ 8. Littl, me (2) 1:33 pm ကျား 9. Ei, me (5) 10:57 am မ 10. kit, me (3) 10:45 am မ 11. Phyo, me (2) 9:45 am မ 12. chitoo, me (2) 9:26 am မ 13. kaung, me (2) 7:27 am မ 14. hnin, me (2) 7:23 am မ 15. Phyo,...

Tamarind tree ရွာထိပ်က မန်ကျည်းပင်

Image
ဆရာ မတွေ့တာကြာ အိပ်ပျော်နေချိန် ၈ နာရီလောက် လိုင်းပေါ်မှာ မရှိ။ ဆောရီး Tamarind tree ရွာထိပ်က မန်ကျည်းပင် https://doctortintswe.blogspot.com/2019/06/tamarind-tree.html ဒေါက်တာတင့်ဆွေ ၁၁-၈-၂ဝ၁၉

G6PD မွေးရာပါရောဂါ အမေး-အဖြေ

ဆရာ g6pd သား ၈ လ ၆ ရက် နှာစီးအခုဆေးတွေနဲ့တည့်ပါသလားကျေးဇူးပြု၍ 1. G6PD မွေးရာပါရောဂါ http://doctortintswe.blogspot.com/2014/11/g6pd.html 2. G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး http://doctortintswe.blogspot.com/2015/05/g6pd-low-risk-drugs.html 3. G6PD and Blood groups နဲ့ သွေးအုပ်စု http://doctortintswe.blogspot.com/2015/06/g6pd-and-blood-groups.html 4. Chances of passing G6PD on to kids http://doctortintswe.blogspot.com/2015/06/chances-of-passing-g6pd-on-to-kids.html 5. G6PD Deficiency Support Group http://doctortintswe.blogspot.com/2015/06/g6pd-deficiency-support-group.html ဒေါက်တာတင့်ဆွေ ၁၁-၈-၂၀၁၉

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ

Image
ဒီနေ့ဆရာပို့စ်တခုဖတ်ရတာ စိတ်မကောင်းဘူး ကျားမခွဲခြားတဲ့ပို့စ်ပါ။ မြန်မာပြည်က ဆရာဝန်တွေနဲ့ဘဲ အဲ့လိုလူတွေက တန်တယ် ကလေးဆီးသွားတဲ့အကြောင်းဆရာကိုမေးတယ်ဆရာချက်ချင်းပြန်ဖြေတယ်ဆေးခန်းပြတိုင်းမေးဖို့ကြိုးစားတယ် တခါမှမေးလို့မရခဲ့ဘူး မေးတာဘဲဖြေပါတဲ့ ခုဖြစ်တဲ့ရောဂါအကြောင်းဘဲပြောပါတဲ့ သူတို့ဆီတခါပြရင် ၄၀၀၀၀ လောက် ကုန်တယ်ဆရာ လူနာမှာဖြစ်တာအားလုံးပြောခွင့်မရှိဘူးလား စာရှည်သွားလို့ ခွင့်လွှတ်ပါဆရာ ကျန်းမာအသက်ရှည်ပါစေ ဟုတ်။ မနေ့က တယောက် တတ်ကောတတ်ရဲ့လား၊ တတ်ယောင်ကားလားလို့ ပြောတာခံရတယ်။ တက် နဲ့ တတ် သတ်ပုံကတော့ မှားတယ်။ မနေ့ကပဲ ချီးမွမ်းစာတခုလည်းရပါတယ်။ လောကကြီးမှာ သည်လိုပါပဲ။ ကျား-မ ခွဲသလားက အရင်နှစ်က တရက်တည်းမှာရတာ။ ကျား-မ ခွဲသလာကတော့ ဖေ့စ်ဘွတ်ပြဿနာ။ ဖရင်းမဖြစ်သေးသူတွေကစာရေးတိုင်း ဖစ်လ်တာမက်ဆေ့ခ်ျထဲ ရောက်နေတာကို စာလက်ခံသူက မသိလို့။ တတ်ယောင်ကားလားကလည်း ဖုန်းနဲ့ မြန်မာဖေါင့်ပြဿနာ။ ဖေါင့်မတူတာနဲ့ ယူနီကုဒ်ကြောင့်။ အဖြေစာ လင့်တွေကို မဖွင့်တတ်။ ဖွင့်နိုင်အောင်လည်း မကြိုးစား။ လင့်ပို့ပေးသူကိုသာ အပြစ်ပုံချတယ်။ ကိုယ်ကမှန်နေလည်း အပြစ်တင်ခံရတာ လူတိုင်းကြုံကြရတယ်။ ကျွန်တော်က အသက်ကြီးသူဖြစ်တော့ မကြာခဏ ...

လူပိုမဟုတ်ပါ

အသက်ကြီးအလုပ်များတဲ့အတွက်ကျွန်တော်မှာအမှားပါခဲ့ရင်ခွင့်လွတ်ပါ ဧရာဝတီ ကဗျာကောင်းလို့ သူကတရုတ်လူမျိုးစစ်စစ်မျိုးချစ်စိတ်ရှိတယ် ကဗျာပီသတယ် နေမကောင်းလို့မေးတာတွေကို ဖြေနေတယ်။ အပိုဟာတွေအတွက် အချိန်မရှိပါ။ တရားစာတွေလည်း မလို၊ တရုပ်ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် ဗမာဖြစ်ဖြစ် သီချင်းတွေ၊ ကဗျာတွေလည်း မလိုပါ။ ကျွန်တော်က လူပိုမဟုတ်ပါ။ ပြောထားပြီး ထပ်ပို့သူတိုင်းကို ဘလော့ပါတယ်။ ဒေါက်တာတင့်ဆွေ ၁၁-၈-၂ဝ၁၉

Big Trouble မြန်မာဖေါင့်နဲ့ ယူနီကုဒ်ကို ဒုက္ခဟုခေါ်သည်

Image
တခြားသူတွေကပေးကြတဲ့ အသုံးပြုနည်းများ ၁။ Google play store မှ Yandex Browser ကို Install လုပ်ပါ အောက်ပါ link ထဲဝင်၍ extension ကို Add to chrome နှိပ်၍ထည့်လျှင်ရပါပြီ https://chrome.google.com/.../jnmdbgnckbbmblkbammnfagdmik... ဖတ်လို့ရသွားပါလိမ့်မည်။ ၂။ ဖတ်ချင်တဲ့ link ကို copy လုပ် browser ထဲက address barမှာ ထည့် enter နှိပ်ပါ Link ကိုဒီအတိုင်းနှိပ်ချလိုက်ရင် facebook ရဲ့ built-in browser ထဲရောက်သွားလို့ဖတ်မရတာပါ ၃။ ညာဘက်အစွန်ဆုံးကအစက်သုံးစက်ကိုနှိပ်ပါ ပြီးရင် open in browser ထဲဝင်ကြည့်ပါနော် ၄။ link ထဲကိုဝင်ပြီးကြည့်လို့ Font မမှန်ရင် ညာဘက်အပေါ်ဒေါင့်က ... ကိုနှိပ်ပြီး open browser ကိုဖွင့်ပြီး ဖတ်ပါရှင့်။ ကိုယ်အသုံးပြုနေတဲ့ဖုန်းကနေ မြန်မာစာဖတ်နည်းသင်ယူထားကြပါခင်ဗျား။ ဖြေရတာ တကယ်ကို အခါတရာကျော်ပြီ။ မောပြီ။ စာတွေရေးနေတာ ၁၅ နှစ်ရှိပြီ။ အဲလိုတွေဖြစ်တာ ၆ လထက်မပိုပါ။ ကျွန်တော်တို့လူမျိုးက မဟုတ်တာဆို တီထွင်နိုင်စွမ်း ရှိကြတယ်။ မြန်မာဖေါင့်နဲ့ ယူနီကုဒ်ကို ဒုက္ခဟုခေါ်သည်။ ဒေါက်တာတင့်ဆွေ

Curse Message ကျန်ဆဲတဲ့ ကျိန်စာဆိုတာ မပြောကောင်း မရေးကောင်း မပို့ကောင်းပါ

Image
လူ၂၀ယောက်ပိုပေပါ မပိုရင့် သင်မနက် သေမယ် ဝေပေပါ တခြားသူတွေကို ကျန်ဆဲတဲ့ ကျိန်စာဆိုတာ မပြောကောင်း မရေးကောင်း မပို့ကောင်းပါ။ ကိုယ့်မိဘဆရာတွေကလည်း ဆုံးမမယ်ထင်တယ်။ ကိုယ့်သားသမီး ကျောင်းသူကျောင်းသား အမျိုးအတွေတွေကိုလည်း သည်အတိုင်း သင်ပေးသင့်တယ်။ မြန်မာမဟုတ်ဘူးလား ဘုရားပုံမပို့နဲ့ဆိုတော့ မြန်မာပြည်မှာ ကိုးကွယ်တဲ့ဘာသာတရား တခုမကရှိတယ်။ ကျွန်တော်က မမွေးခင်ကတည်းက ဗုဒ္ဓဘာသာဝင်။ ပရိုဖိုင်းလ်မှာ ဘုရားပုံတွေ ဆရာတော်ပုံတွေနဲ့တင်ထားသူ ၄-၅ ယောက်ကို ဘလော့ရတယ်။ မပို့ပါနဲ့ဆိုတာကို ထပ်ပို့သူတွေနဲ့ ဆဲရေးကြသူတွေဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

Height Question အရပ်ရှည် မေးခွန်း

Image
ဆရာရှင့် ကျွန်မတူလေးအတွက်မေးချင်လို့ပါ။ အသက်က ၁၄ နှစ်ပါ။ သူ့အမေက အောက်ပါပုံပါ အရပ်ရှည်ဆေး တိုက်ချင်နေလို့ ကောင်းကျိုး ဆိုးကျိုးလေး သိချင်ပါတယ်ရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါနော် အရပ်ရှည်ဆေး အသားဖြူဆေး ကျဉ်းဆေး ကျယ်ဆေး တိုဆေး ရှည်ဆေး မရှိ။ ကန်တော့။ ကြော်ငြာဆေးတွေတော့ အများကြီးရှိ။ - Height Question အရပ်ရှည် မေးခွန်း https://doctortintswe.blogspot.com/2018/09/height-question_7.html - Calcium (ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium.html - Calcium USA High Up အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး https://doctortintswe.blogspot.com/2015/05/high-up-calcium-usa.html - For your height only အရပ်ရှည်ဆေး တမေးတည်းမေး https://doctortintswe.blogspot.com/2015/09/for-your-height-only.html - Height and Weight Adult Chart အရပ်နဲ့ ကိုယ်အလေးချိန်ဇယား https://doctortintswe.blogspot.com/2016/02/height-and-weight-adult-chart.html - Height and Weight Chart ကလေး အရပ်နဲ့ ကိုယ်အလေးချိန်ဇယား https://doctortintswe.blogspot.com/2016/09/height-and-weight-chart.html - Height အရပ် https://...

ပန်းသီးခြံသွား

Image
ကား ၄-၅ စီးနဲ့။ စားကြတယ်။ ကျွန်တော့်နေရာက ထိုင်ခုံအပြာမှာ ရေနွေးခွက်နဲ့။ ပန်းသီးတော့ မဆွတ်ခဲ့။ ဖရုံခင်းက ဖရုံပွင့်နဲ့ ဖရုံသီးနု၊ မုံလာခင်းက မုံလာရွက်နုနဲ့ အခင်းဘေး အလေ့ကျပေါက်နေတဲ့ ဟင်းနုနွယ်ရွက်တွေ ခူးခဲ့ကြတယ်။ ကျွန်တော်က ဖရုံပွင့်ကို ဖရုံရွက်ထက်ကြိုက်တယ်။ အစပ် ခပ်လေးလေးချက်မယ်။ ဒေါက်တာတင့်ဆွေ ၁၁-၈-၂၀၁၉

Estrogen အီစထိုဂျင်ဆိုတာ

Image
(ကန်တော့) ၁။ ဆရာရှင့် အခု fb page ရဲ့ တချို့ Aesthetic center တွေမှာ hormone injection ထိုးရုံနဲ့ ရင်နဲ့ တင် ကြီးအောင် ထိုးတာဆိုပြီး ကြေညာကြပါတယ် အဲ့လိုဆေးထိုးတာရဲ့ အလုပ်လုပ်ပုံနဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိချင်ပါတယ် American brand hormone injection ၁၀ ကြိမ်ထိုးရမယ် ဆိုတာကလွဲရင် တစ်ခြားဘာမှ မပြောထားပါဘူး  ကိုယ်ဝန်တားဆေးတွေထိုးသလိုမျိုးနဲ့ တူပါသလားရှင် ၂။ မင်္ဂလာပါဆရာရှင့် သမီးက မိန်းမဟော်မုန်းနည်းလို့ estrogen နဲ့ multivitamins တွေကို ဆေးခန်းမှာ ထိုးထားပါတယ် ဆရာမက ပြောတယ် menstration က ပုံမှန်မဖြစ်ဘူး ခလေးလဲ ဆေးပတ်ပြည့်လို့ ၁နှစ်လောက်မှရမယ်ပြောပါတယ် ခုက menstration မမှန်တော့ စိတ်ရှုပ်သလိုလို တွေဖြစ်တယ် ရာသီလာရင်လဲ နည်းနည်းလေးပေါ့နော် အဲ့တာ side effect ဘယ်လိုတွေများရှိနိုင်သလဲလို့ ပြီးတော့ အဲ့ဆေးတွေကြောင့် ကလေးမရတာမျိုးတို့ ဖြစ်တတ်လားလို့ပါ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ၂၅နှစ် မ။ Estrogens + multivitamins ထိုးထား ၁.၉.၂၀၁၇  ရာသီမလာ လာရင်နည်း အဲ့ဆေးကြောင့် ကလေးရနိုင် မရနိုင် Estrogens ဆေးတွေရဲ့side effect ကျေးဇူးတင်ပါတယ် Estrogen အီစထိုဂျင်ဆိုတာ ဟော်မုန်း လိုသူတွေကို သတိ...

Big Trouble မြန်မာဖေါင့်နဲ့ ယူနီကုဒ်ကို ဒုက္ခဟုခေါ်သည်

Image
တခြားသူတွေကပေးကြတဲ့ အသုံးပြုနည်းများ ၁။ Google play store မှ Yandex Browser ကို Install လုပ်ပါ အောက်ပါ link ထဲဝင်၍ extension ကို Add to chrome နှိပ်၍ထည့်လျှင်ရပါပြီ https://chrome.google.com/.../jnmdbgnckbbmblkbammnfagdmik... ဖတ်လို့ရသွားပါလိမ့်မည်။ ၂။ ဖတ်ချင်တဲ့ link ကို copy လုပ် browser ထဲက address barမှာ ထည့် enter နှိပ်ပါ Link ကိုဒီအတိုင်းနှိပ်ချလိုက်ရင် facebook ရဲ့ built-in browser ထဲရောက်သွားလို့ဖတ်မရတာပါ ၃။ ညာဘက်အစွန်ဆုံးကအစက်သုံးစက်ကိုနှိပ်ပါ ပြီးရင် open in browser ထဲဝင်ကြည့်ပါနော် ၄။ link ထဲကိုဝင်ပြီးကြည့်လို့ Font မမှန်ရင် ညာဘက်အပေါ်ဒေါင့်က ... ကိုနှိပ်ပြီး open browser ကိုဖွင့်ပြီး ဖတ်ပါရှင့်။ ကိုယ်အသုံးပြုနေတဲ့ဖုန်းကနေ မြန်မာစာဖတ်နည်းသင်ယူထားကြပါခင်ဗျား။ ဖြေရတာ တကယ်ကို အခါတရာကျော်ပြီ။ မောပြီ။ စာတွေရေးနေတာ ၁၅ နှစ်ရှိပြီ။ အဲလိုတွေဖြစ်တာ ၆ လထက်မပိုပါ။ ကျွန်တော်တို့လူမျိုးက မဟုတ်တာဆို တီထွင်နိုင်စွမ်း ရှိကြတယ်။ မြန်မာဖေါင့်နဲ့ ယူနီကုဒ်ကို ဒုက္ခဟုခေါ်သည်။ ဒေါက်တာတင့်ဆွေ

Life ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ